Friday, June 29, 2012

ဘုရားရှင် ပေးဆပ်ခဲ့ရတဲ့ ၀ဋ်ကြွေးတော်

မည်သူမဆို ကုသိုလ်ပြုက ကုသိုလ်အကျိုး(ကုသလ၀ိပါတ်)ကို ရရှိမည်ဖြစ်ပြီး အကုသိုလ် အမှုကို ပြုပါက အကုသိုလ်၏ အကျိုး(အကုသလ၀ိပါတ်)ကို ခံကြပေလိမ့်မည်။ သံသရာမှ
မလွတ်မချင်း မိဃာကကံ ပာုခေါ်သော ကုသိုလ်၊ အကုသိုလ်ကံ တို.၏ အကျိုးပေးခြင်းကို ခံရပေလိမ့်မည်။
“၀ဋ်မှာအမြဲ ၊ ငရဲမှာအပ” ဆိုသည့်အတိုင်း ၀ဋ်ကြွေးရှိပါက ပြန်လည်ပေးဆပ်ကြရစမြဲပင်။
ဤ၌ လူ ၊ နတ် ၊ ဗြပ္မာာတို.၏ ပတ္တမြားသင်းကျစ် ဖြစ်တော်မူသော ဘုရားရှင်ပင် လျှင် နုစဉ် ကာလ ကျူးလွန်မိသော အကုသိုလ်ကံ၏ အကျိုးဝိပါတ်(၁၂) ပါးကိုပေးဆပ်ခဲ့ရပါသေးသည်။ လူတို.သည် မကောင်းသော ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို.ကြောင့် သံသာ၌ အနာရောဂါဖြစ်ခြင်း ၊ ဘေးဖြစ်ခြင်း ၊ ဆင်းရဲခြင်းတို.ကို ခံစားကြရသည် ။ မြတ်စွာဘုရားရှင်သည်လည်း အလောင်းတော်ဘ၀က ပြုမှားမိသော အကျိုးကို ခံခဲ့ရသည်။ ဘုရာရှင် ပေးဆပ်ခဲ့ရသော ၀ဋ်ကြွေးတော် (၁၂)ပါးမှာ-
၁ ။ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်ရခြင်း ၊
၂ ။ စိဉ္ဖမာဏ၀ိကာ၏ မပာုတ်မမှန် စွပ်စွဲမှုကို ခံရခြင်း ၊
၃ ။ သုန္ဒရီပရိဗိုဇ်မ ၏ စွပ်စွဲမှုကို ခံရခြင်း ၊
၎ ။ သုန္ဒရီပရိဗိုဇ်မ သေသောကြောင့် မင်းနှင်တကွ ပြည်သူတို.၏ ယုံမှားသံသယဖြင့် စွပ်စွဲသည်ကို ခံရခြင်း၊
၅ ။ ဒေ၀ဒတ်က ကျောက်တုံးများဖြင့် လုပ်ကြံသည်ကိုရင်ဆိုင်ရခြင်း ၊
၆ ။ ကျောက်ချပ်ပဲ့ထွက် လွင့်စင်ပြီး ခြေမတော်ကို ထိမိကာ သွေးစိမ်းရှင်ရှင် ထွက်ရခြင်း ၊
၇ ။ ဒေ၀ဒတ်ကြောင့် ခြေမတော် သွေးစိမ်းတည်၍ သမားတော်ကြီး ဇီဝကမှ ဓားဖြင့် ခွဲသည်ကို ခံရခြင်း ၊
၈ ။ နာဠာဂီရိဆင်ဖြင့် တိုက်သည်ကို ခံရခြင်း ၊
၉ ။ ဦးခေါင်းတော်ခဲသည့် ဝေဒနာကို ခံစားရခြင်း
၁၀ ။ ၀ါတွင်းသုံးလလုံးလုံး လွန်စွာမှကြမ်းတမ်းသည့် မုယောဆွမ်းကိုသာ ဘုဉ်းပေးသုံးဆောင်ရခြင်း
၁၁ ။ ကျောကုန်းတော်နာရခြင်း
၁၂ ။ ပရိနိဗ္ဗာန် ပြုခါနီး၌ ၀မ်းတော်လားရခြင်း စသည်တို. ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်….။

မှတ်ချက်။
မြန်မာသူငယ်ချင်းများအဖွဲ့  စစ်ထက်နိုင် ဘလော့မှ ဓမ္မဒါန ကူးယူဖော်ပြသည်။

နှုတ်၊ ၀စီ

ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်..

အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။



Sunday, June 10, 2012

(၈) ဗကဗြဟ္မာကြီးကို နှိမ်နင်းဆုံးမကာ အောင်တော်မူခြင်း


အခါတစ်ပါး ဗကဗြဟ္မာကြီးရဲ့ စိတ်ထဲမှာ မိစ္ဆာဒိဋ္ဌိအယူများ ဖြစ်ပေါ်နေပါတယ်။ သူ့ရဲ့ အယူက “ဒီကိုယ်နှင့်တကွ ဗြဟ္မာလောကကြီး ဟာ တည်တံ့ခိုင်မြဲတယ်။ သီးသန့်ဖြစ်နေပြီး ရွေ့လျောတဲ့သဘောလည်းမရှိ။ ဒီဗြဟ္မပြည်မှာ ပဋိသန္ဓေနေလာသူမရှိ သလို အိုသူ၊နာသူ၊သေသူလည်းမရှိ၊ ဒီဗြဟ္မပြည်ကနေ အခြား လွန်မြတ်သော ထွက်မြောက်ရာလည်းမရှိ” လို့ အားကောင်းတဲ့ သဿတမိစ္ဆာဒိဋ္ဌိ အယူ ဖြစ်ပေါ်နေတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်း အင်ကြင်းပင်ရင်းတွင် သီတင်းသုံးနေခိုက် ဗကဗြဟ္မာကြီးရဲ့ စိတ်အကြံကို သိတော်မူတဲ့အတွက် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အင်ကြင်းပင်ရင်းမှ ကွယ်ပြီး ဗကဗြဟ္မာကြီးရှိရာ ပဌမဈာန် ဗြဟ္မာ့ပြည်ကို ရောက်တော်မူခဲ့ပါတယ်။

(၆) သစ္စကပရိဗိုဇ်ကို ပညာဖြင့် အောင်တော်မူခြင်း


ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာဿဒ်အဆောင်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါ နိဂဏ္ဍတက္ကတွန်းရဲ့သား သစ္စက ဆိုတဲ့ ပရိဗိုဇ်ဟာ ဝေသာလီပြည်မှာ နေပြီး ၊ စကားပြိုင်ဆိုင်ပြီး ပြောဆိုတတ်တဲ့အလေ့ရှိတယ်၊ သူ့ဟာ သူ့ကိုယ်သူ ပညာရှိ ဆိုပြီး ကြွေးကျော်ထားတဲ့အတွက် လူအများကလည်း သူ့ကို ပညာရှိ သူတော်ကောင်း ရယ်လို့ သတ်မှတ်ထားကြပါတယ်။ 

(၅) စိဉ္စမာဏ၀ိကာ၏ စွတ်စွဲတဲ့စကားကို အောင်တော်မူခြင်း


ဝေနေယျသတ္တာဝါများ သာဝကများဟာ အရိယာများအဖြစ်သို့ ရောက်ကုန်သောကြောင့် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်များ တဖြေးဖြေး ပျံ့နှံ့တော်မူလာတဲ့အပြင် လူနတ်အများရဲ့ ပူဇော်မှုဟာလည်း အလွန်ထင်ရှားလာပါတယ်။ ဘုရားရှင်အား ပူဇော်မှုများ ထင်ရှား လာပေမဲ့ သာသနာပြင်ပက ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ တိတ္ထိတို့မှာတော့ လာဘ်လာဘများ တဖြေးဖြေး ဆုတ်ယုတ်လာပါတော့တယ်။

(၄) အင်္ဂုလိမာလကို အောင်တော်မူခြင်း



ကောသလတိုင်း အတွင်း တစ်နေရာတွင် ဆိုးသွမ်းပြီး အားကြီးလှတဲ့ လူဆိုးတစ်ယောက်ရှိတယ်။ သူ့နာမည်က အင်္ဂုလိမာလ လို့ ခေါ်ပါတယ်။ သူဟာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ယူနေစဉ်အတွင်း ဆရာကြီးက တပည့်များရဲ့ ဂုံးချောစကား ကို ယုံကြည်ကာ လက်ငြိုးပေါင်းတစ်ထောင် ယူခဲ့ရန် အင်္ဂုလိမာလအား ပြောပါတယ်။ အင်္ဂုလိမာလလည်း ဆရာစကားကို ယုံကြည်တဲ့အတွက် ဆရာခိုင်းတဲ့အတိုင်း လက်ငြိုးပေါင်းတစ်ထောင် ရဖို့အတွက် အားထုတ်ရပါတော့တယ်။ ဒီလိုနဲ့ သူဟာ ရင်ဆိုင်တွေ့သမျှ လူများအား လက်ညိုးကိုယူ၊ လူကိုလည်းသတ်ဖြတ်ကာ သောင်းကြမ်းချင်တိုင်း သောင်းကြမ်း နေပါတော့တယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောသလတိုင်း သာဝတ္ထိမြို့ထဲ ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးအပြီး၊ နေ့လည်ဖက် သပိတ်သင်္ကန်းတို့ ကို ပြင်ဆင်ကာ ကိုယ်တော်မြတ်တစ်ပါးတည်း ခရီးရှည်ကြီးကို ခြေလျင်ဖြင့် ကြွတော်မူပါတယ်။ ကြွတော်မူမယ့်နေရာက လူဆိုးကြီး အင်္ဂုလိမာလ ရှိတဲ့နေရာ ဖြစ်တယ်။

(၃) နာဠာဂီရိဆင်ကို အောင်နိုင်ခြင်း



ရှင်ဒေ၀ဒတ်ရဲ့ ပယောဂကြောင့် ကျောက်ချပ်လွှာတစ်ခု လွင့်စင်ကာ ဘုရားရှင်ရဲ့ ခြေမတော် ကို ထိခိုက်မိကာ သွေးစိမ်းတည်ခဲ့ရတယ်။ ထိုအနာကိုဆရာဇီဝကက ဆေးကုပေးတဲ့အတွက် ကျန်းမာစွာ ရှိနေတော်မူပါတယ်။ ထိုအခါ ဘုရားရှင်အား နည်းမျိုးစုံဖြင့် သတ်ဖြတ်ရန်ကြံစည်နေတဲ့ ရှင်ဒေ၀ဒတ်က “ ရဟန်းဂေါတမကို ဘယ်သူလူတစ်ဦး တစ်ယောက်မှ သတ်ဖြတ်ဖို့ မတတ်နိုင်ကြဘူး။ ဘုရင်အဇာတသတ်ဆီမှာတော့ ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်ကိုလည်းမသိ။ လူမြင်ရင်သတ်ဖြတ်လေ့ရှိပြီး အလွန်ကြမ်းတမ်းတဲ့ နာဠာဂီရိဆင်ကြီးဟာ ရဟန်းဂေါတမကို သတ်နိုင်လိမ့်မယ်” လို့ အကြံဖြစ်ပြီး ဘုရင်အဇာတသတ်အား ထိုအကြောင်းကို ပြောပြရာ ဘုရင်ကလည်း မင်းဆရာသဘောအတိုင်း လက်ခံပါတယ်။

(၂) အာဠ၀ကဘီလူးကို အောင်တော်မူခြင်း

အာဠ၀ီပြည် အစိုးရတဲ့ အာဠ၀ကမင်းဟာ သူခိုး ဓမြရန်၊ အတိုက်အခံမင်းတို့ရဲ့ ရန်ကို နှိမ်နင်းဖို့ ရည်ရွယ်ကာ အလေ့အကျင့်ဖြင့်စေရန် (၇)ရက်တစ်ကြိမ် နောက်ပါမျာားနဲ့အတူ သမင်တော့သို့ တောလည်ထွက်ကြပါတယ်။ အာဠ၀ကမင်းဟာ သမင်တစ်ကောင်ကို လိုက်ရာ သုံးယူဇနာအရောက်မှာ ဖမ်းမိပြီး သမင်ကို ထမ်းကာ ယူဆောင်လာခဲ့ရာ တစ်နေရာမှာ ပညောင်ပင်ကြီးတစ်ပင်အောက်ကို ရောက်သွားပါတယ်။ ဒီပညောင်ပင်ကို အပိုင်စားရထားတာက အာဠ၀ကဘီလူးပါ။

(၇) နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမနိုင်တဲ့ နည်းဥပဒေသများအား ညွန်ကြားတော်မူပြီး အောင်တော်မူခြင်း


အခါတစ်ပါး ဘုရားရှင်ဟာ နံနက်မိုးသောက် လင်းခါနီးအချိန်မှာ လောကဓါတ်တစ်ခွင်ကို ကြည့်ရှုတော်မူတဲ့အခါ နန္ဒေပနန္ဒနဂါးမင်းကို မြင်ပါတယ်။ နဂါးမင်းရဲ့ ရှေးကုသိုလ်ဥပနိဿယ ရှိ/မရှိ ကြည့်တော်မူတဲ့အခါ နဂါးမင်းဟာ ရတနာသုံးပါးကို ကြည်ညိုမှု မရှိ၊ မိစ္တာအယူရှိတာကို မြင်တော်မူတယ်။ ဒီမိစ္တာအယူကို ဘယ်သူ ချေချွတ်နိုင်မလဲ လို့ ဆင်ခြင်ကြည့်တဲ့အခါ အရှင်မဟာမောဂ္ဂလန်ကို မြင် တော်မူပါတယ်။ သို့နှင့်နံနက်စောစောအချိန်ရောက်တော့ ကိုယ်လက်သုတ်သင်တော်မူပြီး “ ချစ်သားအာနန္ဒာ…ငါဘုရား တာဝတိံသာနတ်ကို သွားမယ်၊ ရဟန်းတော် ငါးရာကို ပြောကြားထားပေးပါ” လို့ အာနန္ဒာအား စေခိုင်းလိုက်ပါတယ်။ 

(၁) မာရ်နတ်ကို အောင်တော်မူခြင်း

ဘုရားအလောင်းတော်ဟာ ကဆုန်လပြည့်နေ့ နံနက်မှာ သုဇာတာ လှူဒါန်းတဲ့ နို့ဃာဆွမ်းကို လက်ခံပြီး၊ နေရဉ္ဖရာမြစ်ဆီသို့ သွားပါတယ်။ ထိုမြစ်ရဲ့ တစ်နေရာ သုပ္ပတိဋ္ဌိတ ရေချိုးဆိပ်မှာ ရေချိုးတော်မူပြီး အေးမြတဲ့သစ်ပင်အရင်းမှာ ထိုင်ကာ နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏ ခန့် (ထန်းသီးအစေ့အရွယ်)ကို ၄၉ လုပ်ဘုဉ်းပေးပါတယ်၊ အဲဒီမှာ ဆွမ်းအလုပ်တိုင်းမှာ နတ်ဗြဟ္မာများက လူနတ်များစားနိုင်တဲ့ သြဇာများ ထည့်ထားပါတယ်။ ဒါကြောင့်လည်း ဘုရားဖြစ်ပြီး ၄၉ ရက်ကြာတဲ့အထိ ဘာမှမစားဘဲ နေတော်မူနိုင်ခြင်း ဖြစ်ပါတယ်။ သို့နှင့် မဟာဗောဓိရဲ့ အရှေ့ဖက် ပလ္လင်တော်ပေါက်ရာ နေရာသို့ ရောက်တဲ့အခါ “ဒီနေရာဟာ ရှေး ဘုရားရှင်တို့ ကိလေသာဖြိုဖျက်တော်မူ ရာ နေရာဖြစ်တယ်” လို့ သိတော်မူပြီး ပါလာတဲ့ မြက်ရှစ်ဆုပ်ကို အဖျားက ကိုင်ကာ ကြဲဖြန့်လိုက်တာနဲ့ မြက်များကွယ်ပျောက်ပြီး ရတနာ ပလ္လင်တော်အသွင် ဖြစ် တည်ရှိခဲ့ပါတယ်။