Wednesday, May 30, 2012

အနတ္တလက္ခဏသုတ် ရှစ်လုံးဖွဲ့မြန်မာကဗျာများ


နိုင်ငံတော် ဩဝါဒါစရိယ
ညောင်ရွှေမြို့
သာသနဝိပုလရွှေဂူစာသင်တိုက်
ပဓာနနာယကဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသ
သီကုံးရေးသားအပ်သော
အနတ္တလက္ခဏသုတ်
ရှစ်လုံးဖွဲ့ မြန်မာကဗျာများ

(အမွှန်း)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


၁။         သင်္ချေလေးရပ် သိန်းကပ်ခါမှီ၊
အလောင်းမင်းသိဒ္ဓတ် ဖြည့်လတ်ပါရမီ။
ဘဝနောက်ဆုံး ပေါင်းရုံးစုံညီ၊
မြတ်ဗုဒ္ဓ ပွင့်ရချိန်တန်ပြီ။      ။

၂။         သက္ကရာဇ်ထုံး ရာ့သုံးနှစ်ခွင်၊
ကဆုန်လစန်း ပြည့်ဝန်းနေ့တွင်။
လုံးစုံတရား သိငြားကုန်စင်၊
မြတ်ဘုရား ပွင့်ငြားရွှေပလ္လင်။            ။

၃။         သစ္စာလေးပါး တရားမှန်ကို၊
လောကထွတ်ထား ထင်ရှားပြလို။
သဟမ္ပတိ မည်ရှိရွှေကိုယ်၊
ပန်လျှောက်ထား သနားစိတ်ပိုမို။        ။

၎။         သက္ကရာဇ်ထုံး ရာ့သုံးနှစ်ခွင်၊
ကဆုန်လစန်း ပြည့်ဝန်းနေ့တွင်။
ဥဒည်လဝန်း ပေါ်ထွန်းလာစဉ်၊
ဖလ်နေဝန်း နောက်ကျွန်းလုလုဝင်။     ။

၅။         ဝဂ္ဂီပဉ္စ ဓမ္မမိတ်ဆွေ၊
သားငှက်ဘေးမဲ့ ပေးတဲ့မြိုင်ခြေ။
အရိယာ,တက်ဆင်း သေဌ်နင်းအောင်မြေ၊
တရားဦး ရင့်ကျူးပရမေ။     ။

၆။         ဓမ္မစက္က ဟောပြလေလျှင်၊
ဝဂ္ဂီရဟန်း ကျွတ်တန်းထေစဉ်။
သောတာပန်များ ဖြစ်ငြားကုန်စင်၊
ဝါဆိုလ ဆုတ်ထငါးရက်တွင်။            ။

ရ။         ပြည်ဗာရာဏ အရိယအောင်မြေ၊
သားငှက်ဘေးမဲ့ ပေးတဲ့မြိုင်ခြေ။
လွတ်မြောက်ဖို့ကျိုး မျှော်ကိုးရှာဖွေ၊
အနတ္တ ဟောပြလက္ခဏေ။               ။

၈။         (သုမိတ္တာ)မည်ရ ဓမ္မစကြာ၊
မျိုးချစ်သမီး ဖွဲ့စည်းတည်ကာ။
(ထွေဦးစီးရုံး) ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရား ဝတ်တွားပူဇော်ပါ။           ။

၉။         အနတ္တတရား ပွားများစေရည်၊
လွတ်မြောက်ဖို့ကျိုး မျှော်ကိုးယုံကြည်။
ရှင်တော်မြတ်စွာ့ အနတ္တရွှေစည်၊
ရွတ်ဆိုမွှန်း ဆော်ရွမ်းပါတော့မည်။
(သာဓု… သာဓု… သာဓု…)

တရားမကြွယ် အထုပ်ငယ်လျှင်


အောက်ဖေါ်ပြပါ ကဗျာလေး ကတော့ ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်းတောရ ဆရာတော် ဘုရားကြီး ရဲ့ ညီအငယ်ဆုံး ဖြစ်သူ နိုင်ငံကျော် ဓမ္မစရိယဦးဌေးလှိုင်ရေးသားခဲ့ တာ ဖြစ်ပါတယ်..။ ဆရာကြီး ရဲ့ မြေဇင်းယောဂီအတွေ့ အကြုံများ လို့ နာမည် ပေးထားတဲ့ အသံဖိုင်လေးထဲက လွန်ခဲ့တဲ့ ၆နှစ်လောက် က နာယူခဲ့စဉ်က မှတ်သားထားမိတဲ့ (လေးချိုး) ကဗျာလေး ဖြစ်ပါတယ်. http://www.nibbana.com ကရခဲ့တာ ပါ..။
ဆရာကြီးက တရားအားထုတ်ရင်း ပစ္စယပရိဂ္ဂဟ ဉာဏ် ရလာတော့ ဘဝတွေ ရှုပ်ယှက် ခတ်နေ အောင်..မြင်ရတဲ့အခါ ၊ သံဝေဂ ဉာဏ် အလွန်ရင့်သန် ၊ ရုံးကြွ လာတာမို့ မောင်းထောင်မြေဇင်းတောရ ကျောင်းလေး မှာရေးခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ရေးမိပြီး ဆရာကြီး ကသူစွဲထုံခဲ့တဲ့ ဝါသနာအစွဲ ကိုလည်း တရားအသိ နဲ့ ပြန်လည် ရှုမှတ် ခဲ့ပြန်ပါသေးတယ်။ ဖတ်ကြည့်ပါအုံးနော်။
*အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့
လာလမ်းကိုတဲ့ မျှော်ကြည့်ကွယ်…( ပြန်ကြည့်မယ်)။
*နေမဝင်ခင်
ညောင်ညို ရိပ်မှာ ချွေးသိပ် စို့ကွယ်..။
*ကြည့်စမ်းဟယ်…
ဟိုအနောက်တောင်စွယ်မှာ ဖြင့်….နေကွယ် လုပါပကော။
*အခွင့်ကောင်းတွေ…တစ်ရှောင်ရှောင်လွဲခဲ့ပြီမို့
ဝင်္ကပါ အထဲ မှောင်ထဲမှာလ…..
တစ်ယောက် ထဲယောင်လည်လည် နဲ့
ခရီးသည်..အို ဘဲ့ သံသရာခရီးသည်…
ခရီးသည် သင့်နောင်ရေးကို..(ကွယ်..)တွေးရစိတ်မော..။
-ပညာရှိသူတော်ကောင်းတွေက တော့ တွေးဆစိတ်မော။
-မင်းတို့ ငါတို့တွေကတော့ ကန္တာရ ခရီးမှာ
အာရုံငါးပါးတည်း ဟူသော…..
အဆိပ်သီးတွေကို…အဝစား-- စားပြီးတော့ ငေးကျအိပ်မော..။

Sunday, May 27, 2012

အနတ္တလက္ခဏသုတ် ပါဠိတော်

- အနတ္တလက္ခဏသုတ် အမွှန်း -

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

- အနတ္တလက္ခဏသုတ် နိဒါန်း -
ဧဝံ မေ သုတံ...
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ-

မိုးညှင်းဆရာတော်ကြီး အမြဲရွတ်ပွားသည့် အန္တရာယ်ကင်းဂါထာ


အောက်ပါဂါထာမှာ ရှေးအထက် ဆရာကြီးတို့ အဆက်ဆက် လက်စွဲပြု၍ မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် အမြဲရွတ်ဆိုလျက် တပည့်များကိုလည်း ရွတ်ဆိုရန် ညွှန်ပြတော်မူသော အန္တရာယ်ကင်းဂါထာတော် ဖြစ်သည်။

(ပါဠိဂါထာ)
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
ဧသာ ဉတ္တိ၊ သဗ္ဗ အန္တရာယော ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။

အနတ္တလက္ခဏသုတ် မြန်မာပြန်

 
- အနတ္တလက္ခဏသုတ် အမွှန်း -

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။


Wednesday, May 23, 2012

(၁၁) ပုဗ္ဗဏှသုတ်


၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိနသ မေန္တု။

၂။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ၀ိနာသ မေန္တု။

(၁၀) ဗောဇ္ဈင်္ဂသုတ်


၁။ သံသာရေ သံသရန္တာနံ၊
သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊
မာရ သေနာပမဒ္ဒနေ။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊
တိဘ၀ါ မုတ္တ ကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊
အမတံ နိဗ္ဘယံ ဂတာ။

(၉) အင်္ဂုလိမာလသုတ်


၁။ ပရိတ္တံ ယံ ဘဏန္တဿ၊
နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊
သဗ္ဗမေ၀ ပရိဿယံ။

(၈) အာဋာနာဋိယသုတ်


၁။ အပ္ပသန္နေသိ နာထဿ၊
သာသနေ သာဓုသမ္မတေ။
အမနုေဿဟိ စဏ္ဍေဟိ၊
သဒါ ကိဗ္ဗိသ ကာရိဘိ။

၂။ ပရိသာနံ စတဿန္နံ၊
အဟိံ သာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊
ပရိတ္တံ တံ ဘဏာမ ဟေ။

(၇) ဓဇဂ္ဂသုတ်


၁။ ယဿာ နုဿရဏေနာပိ၊
အန္တ လိက္ခေပိ ပါဏိနော။
ပတိဋ္ဌ မဓိဂစ္ဆန္တိ၊
ဘူမိယံ ၀ိယ သဗ္ဗထာ၊

၂။ သဗ္ဗုပဒ္ဒ၀ဇာလမှာ၊
ယက္ခစောရာဒိသမ္ဘ၀ါ။
ဂဏာနာ န စ မုတ္တာနံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

(၆) ၀ဋ္ဋသုတ်


၁။ ပုရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ္တံ ၀ိဝဇ္ဇယိ။

၂။ ထေရဿ သာရိပုတ္တဿ၊
လောကနာထေနိ ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

(၅) မောရသုတ်


၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ၀နေစရာ။

၂။စိရဿံ ၀ါယမန္တာပိ၊
နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။


(၄) ခန္ဓသုတ်


၁။ သဗ္ဗာသီဝိသဇာတီနံ၊
ဒိဗ္ဗမန္တာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ
သေသဉ္စာပိ ပရိဿယံ။
၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊
သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

(၃) မေတ္တသုတ်


၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

(၂) ရတနသုတ်


၁။ ပဏိဓာနတော ပဋ္ဌာယ
တထာဂတဿ ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊
ဒသ ပရမတ္တ ပါရမိယောတိ၊
သမတိံ သ ပါရမိယော၊
ပဉ္စ မဟာပရိစ္စာဂေ၊
လောကတ္ထ စရိယံ ဉာတတ္ထ စရိယံ၊
ဗုဒ္ဓတ္ထ စရိယန္တိ တိေဿာ စရိယာယော၊
ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိ နိက္ခမနံ၊
ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရ၀ိဇယံ၊
သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
ဓမ္မစက္ကပ္ပ၀တ္တနံ၊
န၀ လောကုတ္တရဓမ္မေတိ၊
သဗ္ဗပိမေ ဗုဒ္ဓဂုဏေ၊
အာဝဇ္ဇေတွာ
ဝေသာလိယာ တီသု ပါကာရန္တ ရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
အာယသ္မာ အာနန္ဒတ္ထရော ၀ိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ

(၁) မင်္ဂလသုတ်


၁။ယံ မင်္ဂလံ ဒွါဒသ ဟိ၊
စိန္တယိံ သု သဒေ၀ကာ၊
သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊
အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။

၂။ဒေသိတံ ဒေ၀ဒေဝေန၊
သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ပဏာမ ဟေ။

Tuesday, May 22, 2012

ပုညကြိယာဝတ္ထု ၁၀-ပါး


(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။

(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။

(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။

Monday, May 21, 2012

ဓမ္မစကြာသုတ်-မြန်မာ

ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့၏ ပူဇော် အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေထသော သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူပေထသော ဣဿရိယ ဓမ္မယသ သီရိကာမပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုးခြင်းသည် ဖြစ်စေပါသတည်း ဘုရား။
(၁)
တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍည အမှူး ငါးဦး အစု အဝေးရှိကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၏။

ဓမ္မစက္ကပ္ပ၀တ္တနသုတ္တ-ပါဠိ

နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

(၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိ ယံ
ဝိဟရတိ ဣသိပတနေ မိဂဒါယေ
တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ
ဘိက္ခူ အာမန္တေသိ
(၂)
ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန
နသေ ၀ိတဗ္ဗာ
ကတမေ ဒွေ
ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ
ဟီနော ဂမ္မော ပေါထုဇ္ဇနိကော
အနရိယော အနတ္ထသံဟိတော
ယော စာယံ အတ္ထကိလမထာ နုယောဂေါ
ဒုက္ခော အနရိယော အနတ္ထသံဟိတော

Sunday, May 20, 2012

တရားဦး ဓမ္မစကြာ - နိဒါန်း



“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။” [ ၀ိနည်းမဟာဝါ-မဟာခန္ဓက၀ဂ်-ဗြဟ္မယာစက ကထာ]
ပစ္စေကဗုဒ္ဓဘုရားနှင့် သမ္မာသမ္ဗုဒ္ဓဘုရားတို့မှအပ တရားနာကြားရခြင်းမရှိပဲ အကျွတ်တရားရသည်ဟူ၍ မရှိချေ။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ) ရရှိရန်အတွက်
(၁) သစ္စာနှင့်လျော်သော (သစ္စာနုလောမိက) တရားကိုနာကြားခွင့်ရခြင်း၊
(၂) နှလုံးသွင်းမှန်ခြင်း (ယောနိသော မနသိကာရ) ဟူသောအကြောင်းတရားနှစ်ပါး လိုအပ်သည်။

အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း

Credit to: Htar Htar Moe (Face Book)

အာနာပါနဿတိသည် ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။ အာနာပါနသည် ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်းထားသော ကာယကို အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။

Saturday, May 19, 2012

ဒါန၊ သီလ၊ ဘာဝနာ အကျိုးပေး

အရှင်ဘုရား၊ ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကုသိုလ်ရေးသုံးပါးတွင် မည်သည်က လောကုတ္တရာအကျိုးပေး အကောင်းဆုံးပါနည်း။

(ဖြေ)
ဒါနထက် သီလသည် အကျိုးပေးသာ၏။ သီလထက် ဘာဝနာက သာလွန်၍ အကျိုးပေးပါသည်။ ထိုသို့အကျိုးပေးရာ၌ ဒါနနှင့် သီလသည် လောကီဘုံ၌သာ အကျိုးပေးနိုင်၏။ တိုက်ရိုက်အားဖြင့် လောကုတ္တရာ (မဂ်ဖိုလ်နိဗ္ဗာန်) အကျိုးကို မပေးနိုင်၊ ၀ိပဿနာ ဘာဝနာကသာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာအကျိုးကို ပေးနိုင်သည်။

ချဲ့ပါဦးမည်။

Friday, May 18, 2012

သာသနာငါးထောင် ပိုင်းခြားမှု

အရှင်ဘုရား သာသနာငါးထောင်ဆိုသည်မှာ မြတ်စွာဘုရား ထားခဲ့သည်စကား ဖြစ်ပါသလား၊
သို့မဟုတ်-ရှေးဆရာကြီးတို့စကား ဖြစ်ပါသလား၊
မည်သူတွေက သတ်မှတ်ထားခဲ့ပါသနည်း၊ သိလိုပါသည်ဘုရား။
( အရှင်ဆေက-ကလေးမြို့ )

( ဖြေ )
သာသနာငါးထောင် ပိုင်းခြားမှုမှာ မြတ်စွာဘုရားရှင် ပိုင်းခြားဟောကြားခဲ့သည် မဟုတ်ပါ၊
ဘုရားရှင်၏ တရားနှင့်အညီ အဋ္ဌကထာဆရာကြီးများ ဖွင့်ပြထားခြင်းသာ ဖြစ်ပါသည်။
ဘုရားရှင်က ပရိယတ် ပိဋကတ်တရားများ ရှိနေသ၍ ပဋိပတ်အကျင့်မြတ် ရှိနေမည်၊
ပရိယတ်စာပေလည်း မသင်ကြား၊ ပဋိပတ်အကျင့်လည်း မကျင့်ကြတော့လျှင် သာသနာကွယ်မည် စသည်ဖြင့်သာ ဟောကြားခဲ့ပါသည်၊
နှစ်အပိုင်းအခြား ဟောကြားထားခြင်း မရှိပါ၊ သိုပသော် ဘုရားရှင်၏ တရားနှင့် ညီညွတ်အောင် အဋ္ဌကထာဆရာ ကြီးများ သာသနာငါးထောင် ပိုင်းခြားထားမှု ရှိခဲ့သည်။


လေးသင်္ချေ ကို ဘယ်လို တွက်သလဲ

သို့
ဒကာကျော်
လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကို ဘယ်လို တွက်ချက်ပါသလဲ ဆိုတဲ့ မေခွန်းကို ဘုန်းဘုန်းဖြေပေးပါ့မယ် - -


၁ ။      ဒီပင်္ကရာဘုရားရှင် နှင့် ကောဏ္ဍည ဘုရားရှင်နှစ်ဆူတို့၏  ကြားကာလ - တစ်သင်္ချေ ။
၂ ။      ကောဏ္ဍည ဘုရားရှင်နှင့်  မင်္ဂလ ဘုရားရှင်နှစ်ဆူ တို့၏  ကြားကာလ - တစ်သင်္ချေ  ။
၃ ။      သောဘိတ ဘုရားရှင်နှင့် အနောမဒဿီ ဘုရားရှင်နှစ်ဆူ တို့၏  ကြားကာလ တစ်သင်္ချေ ။
၎ ။     နာရဒ ဘုရားရှင် နှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့၏  ကြားကာလ - တစ်သင်္ချေ ။
၅ ။      ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူပြီးနောက်   ကမ္ဘာပေါင်း တစ်သိန်း ။


( က )       ဘုန်းဘုန်းတို့ ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ် ဟာ  ပါရမီ ဖြည့်တော်မူစဉ် ဘ၀တစ်လျောက် ပညာကိုသာ အဓိကထား ရှေးရူ့ဖြည့်တော်မူခဲ့လို့  လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပဲ  ကြာမြင့် ခဲ့တာပါ ။

ဓမ္မလမ်းသို့ ချဉ်းကပ်ခြင်း (မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ သြ၀ါဒ)

ကိုယ်တစ်ခါမှမသွားမလာဖူးတဲ့ လမ်းခရီး တစ်ခုသွားတော့မယ်ဆိုရင် ဒီလမ်းခရီး အကြောင်း ကြိုသိထား သင့်တာပေါ့။ ဘယ်နေရာမှာ ခလုတ်ကန်သင်းကျင်းချိုင့်ရှိတယ်။ ဘယ်နေရာမှာ သားရဲတိရစ္ဆာန်ရှိတယ်။ စမ်းချောင်းကလေးကတော့ဖြင့် ဘယ်နေရာမှာ စသည်သိ ထားရမယ်။ လမ်းခရီးအကြောင်း အစမှ အဆုံး ပြည့်စုံအောင် ပြောပြ နိုင်တဲ့ သူဆီမှာ ချဉ်းကပ်ရမယ်။ ဒီခရီးကိုသွားဖူး၊ ရောက်ဖူးသူသာလျှင် ရေလည်အောင် ပြောပြနိုင်လိမ့်မယ်။ မသွားဖူး၊ မရောက်ဖူးဘဲနဲ့ အထင်ကြီးအောင် ပြောပြသူဆီ ချဉ်းကပ်မိရင် လမ်းလွဲမယ်။ ခရီးလမ်းဆုံး ပန်းတိုင်မရောက်ဘဲ မျက်စိလည် လမ်းမှားပြီး ဘဝတစ်ခုကို အချည်းနှီး ပေးဆပ်ရလိမ့်မယ်။

မေတ္တာ၏အကျိုးကျေးဇူးများ


စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…


(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး  သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ  ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။


      မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
   

အခြေအနေ ပေးသလို

ဆရာတော်ဘုရား၊ လမ်းမလျှောက်နိုင်သော အမေအိုကြီးအား မပြတ်ပြုစုနေရသဖြင့် အချိန်ယူ၍ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း။ ပုတီးစိပ်ခြင်း တို့ကို မပြုနိုင်ဘဲ ဈေးရောင်းရင်း အိမ်မှုကိစ္စတို့ကို ပြုရင်း ရွတ်ဆိုရ၊ ပုတီးစိပ်ရခြင်း၊ အချိန်ရသလို ပရိတ်စာအုပ်များကို ဖတ်၍ ရွတ်ဆိုရခြင်းတို့မှာ နည်းလမ်း မှန်-မမှန်၊ သင့်-မသင့် သိလိုပါသည် အရှင်ဘုရား။
( မချစ်ချစ်-မြင်းခြံမြို့ )

( ဖြေ )
လုံးဝမရွတ်ဆိုဘဲ၊ ပုတီးမစိပ်ဘဲ နေသည်ထက် အခြေအနေအရ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းများ ပြုနိုင်သည်မှာ ချီးကျူးဖွယ်ပင် ဖြစ်ပါသည်၊
အချိန်မရသည့်တိုင်အောင် ရတနာသုံးပါး ဂုဏ်ရည်တို့ကို မပြတ်မလတ် အမှတ်ရနေနိုင်လျှင်ပင် အကျိုးကြီးလှ ပါသည်၊ ပရိတ်ကြီး ဓဇဂ္ဂသုတ်နိဒါန်းတွင် စေတိယင်္ဂဏ၀တ် ပြုနေသော သာမဏေကလေးသည် စေတီပေါ်တက်၍ သန့်ရှင်းရေးပြုနေစဉ် ခြေချော်ကျသည်၊ ထိုအခါ ရတနာသုံးပါး ဂုဏ်တော်များ ပါရှိသော ဓဇဂ္ဂ သုတ်တော်ကို အာရုံပြု၍ ဓဇဂ္ဂသုတ္တံ မံ ရက္ခတု=ဓဇဂ္ဂသုတ်တော်သည် ငါ့ကို စောင့်ရှောက်ပါစေသတည်း-ဟု ဆိုရုံမျှဖြင့် စေတီကိုယ်မှ အုတ်ချပ်များ ထွက်လာ၍ခံပေးသဖြင့် အောက်သို့မကျဘဲ ထောက်ရာ တည်ရာရပြီး ဘေးအန္တရာယ်ကင်းကြောင်း လာရှိပါသည်၊ ထို့ကြောင့် အချိန်မပေးနိုင်၍ မရွတ်မဖတ်ဘဲ နေသည်ထက် အခြေအနေပေးသလို ရွတ်ခြင်း ( စာအုပ်ကို ) ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းများကို မပြတ်ပြုလုပ်နိုင်အောင် ကြိုးစားရန် သင့်ပါကြောင်း ဖြေကြားအပ်ပါသတည်း။
www.dhammaransi.com/ မှ ကူးယူဖေါ်ပြသည်။

ပရိတ်တော် ဂါထာတော် ဂုဏ်တော် များကို တန်ခိုးထက်မြက်အောင်ရွတ်ဆိုနည်း

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပရိတ်တော်များ၊ ဂါထာတော်များက အစွမ်းထက်မြက်ပြီးသား တရားတော်များသာဖြစ်ပါတယ်။ရွတ်ဆိုသူများဘက်က ချွတ်ယွင်းချက်များမရှိပါက အမှန်ပင်အစွမ်းထက်မြက်လှ တယ်လို့ဆိုရမှာပါ။ ရွတ်ဖတ်သူများဘက်က နည်းစနစ်မကျ၍သော်လည်းကောင်း၊ ချွတ်ယွင်းချက်များရှိ၍သာ အကျိုးပေးမမှန် ဖြစ်ရသလို အစွမ်းမထက်မြက်သလို ဖြစ်နေတာပါဟု ဆိုချင်ပါတယ်။ဒါကို တစ်ချို့က မိမိချွတ် ယွင်းချက်၊စနစ်မကျမှုများကို သတိမထားဘဲ ပရိတ်တော်၊ဂါထာတော်များက အစွမ်းမထက်မြက်သလို ထင်နေကြပါတယ်။ထိုထိုသော သံသယများကင်းစေလိုသဖြင့် ပရိတ်ရွတ်ဆိုတဲ့အခါ ဂါထာများရွတ်ဆိုတဲ့ အခါသတိထားစဉ်ဆင်စရာများနှင့် တန်ခိုးထက်မြက်အောင် ဘယ်လိုရွတ်ဆိုရမည်စတဲ့ ရွတ်ဆိုပုံလေးကို ပြောပြဖို့လိုလာတာဖြစ်သဖြင့် အတတ်နိင်ဆုံး အကောင်းဆုံးဖြစ်အောင်ရေးသားလိုက်ပါတယ်။

၁။အဝတ်အစားများကို လဲသင့်လျှင်လဲရမည်။ (ဆိုလိုတာက မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရားတရား တော်များကို မရိုမသေဖြစ်စေမည့် အဂါရဝ အဝတ်အစားများကို လဲသင့်သည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။) ယောဂီအဝတ်အစားကို (လုံးဝ) ဝတ်ဆင်ပြီးရွတ်ဆိုရမည်ဟုမဆိုလိုပါ။သင့်တင့်မည့်၊ ရိုသေစေမည့် (ဂါရဝ) ဖြစ်စေမည့် အဝတ်အစားမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ခြေ၊လက်၊ခံတွင်းတို့ကို သုတ်သင် ကြည်လင်သန့်ရှင်း စေရမည်။

Wednesday, May 16, 2012

ကြာလည်းမမေ့၊ ရှာလည်းမတွေ့ ၊ ငါလည်းတစ်နေ့.....


Credit to: Myat Pearl Phyu


မြတ်ပုလဲဖြူ
ပုံနှိပ် စာအုပ် ၊လောကစာအုပ် ၊စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်....

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ .....

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ .....


သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ .....
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ.....

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့....

ကြာလည်းမမေ့
ရှာလည်းမတွေ့
ငါလည်းတစ်နေ့........

Tuesday, May 15, 2012

ဘုရား၊ တရား၊ သံဃာ့ ဂုဏ်တော်များ

ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ...
၂။ သမ္မာသမ္ဗုဒ္ဓေါ...
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော...
၎။ သုဂတော...
၅။ လောက၀ိဒူ...
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ...
၇။ သတ္ထာဒေ၀မနုဿာနံ...
၈။ ဗုဒ္ဓေါ...
၉။ ဘဂ၀ါ...

၁။ အရဟံ...ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် {{အရဟံ}} မည်တော်မူ၏။
၂။ သမ္မာသမ္ဗုဒေ...အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသောကြောင့် {{သမ္မာ-သမ္ဗုဒ္ဓ}}မည်တော်မူ၏။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော...အသိဉာဏ်{၀ိဇ္ဇာ} အကျင့်{စရဏ}နှင့် ပြည့်စုံတော်မူသောကြောင့် {{၀ိဇ္ဇာစရဏ-သမ္ပန္န}} မည်တော်မူ၏။
၎။ သုဂတော... ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် {{သုဂတ}} မည်တော်မူ၏။
၅။ လောက၀ိဒူ...လောကကို သိတော်မူသောကြောင့် {{လောက၀ိဒူ}} မည်တော်မူ၏။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ...ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့် {{အနုတ္တရောပုရိသ ဒမ္မသာရထိ}} မည်တော်မူ၏။
၇။ သတ္ထာဒေ၀မနုဿာနံ...နတ်, လူတို့၏ဆရာ ဖြစ်တော်မူသောကြောင့် {{သတ္ထာဒေ၀မနုဿာနံ}} မည် တော်မူ၏။
၈။ ဗုဒ္ဓေါ...သစ္စာလေးပါးတရားတို့ကို သိစေတော်မူသောကြောင့် {{ဗုဒ္ဓ}} မည်တော်မူ၏။
၉။ ဘဂ၀ါ...ဘုန်းတန်ခိုးကြီးတော်မူသောကြောင့် {{ဘဂ၀ါ}} မည်တော်မူ၏။